20. ယုဒဘုရင်များနှင့်ပြည်သားတို့အားလည်း ကောင်း၊ ထိုတံခါးများဖြင့်ထွက်ဝင်သွားလာ တတ်သူယေရုရှလင်မြို့သူမြို့သားအပေါင်း တို့အားလည်းကောင်းငါ၏အမိန့်တော်ကိုနား ထောင်ရန်မှာကြားလော့။-
21. ဤကားထာဝရဘုရားအမိန့်တော်ဖြစ်၏။ ဥပုသ်နေ့၌အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှမ သယ်မဆောင်ရကြ။ ယေရုရှလင်မြို့တံခါး များကိုဖြတ်၍၊-
22. မိမိတို့၏အိမ်များမှအဘယ်အရာကိုမျှ မသယ်မယူရကြ။ သူတို့သည်ဥပုသ်နေ့၌ အလုပ်မလုပ်ရကြ။ သူတို့၏ဘိုးဘေးများ အားငါပညတ်တော်မူခဲ့သည့်အတိုင်းထို နေ့ရက်ကိုနေ့ထူးနေ့မြတ်အဖြစ်စောင့်ထိန်း ကြရန်ပြောကြားလော့။-
23. သူတို့၏ဘိုးဘေးများသည်ငါ့စကားကို နားမထောင်မနာခံကြ။ သူတို့သည်ခေါင်းမာ လျက်ငါ၏စကားကိုနားမထောင်လိုကြ။ ငါဆုံးမသွန်သင်သည်ကိုလည်းမခံယူ လိုကြ။