1. ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။-
2-3. တောင်ကုန်းများပေါ်ရှိစိမ်းလန်းသည့်သစ်ပင် မှန်သမျှတို့၏အနီး၌လည်းကောင်း၊ တောင် ထိပ်များပေါ်၌လည်းကောင်း၊ အာရှရနတ် သမီးအတွက်စိုက်ထူထားသည့်တံခွန်တိုင် များယဇ်ပလ္လင်များကို သင်တို့၏သားသမီး များပင်ကိုးကွယ်ကြပေသည်။ သင်တို့သည် မိမိတို့၏ပြည်တစ်လျှောက်လုံးတွင်ကူး လွန်ခဲ့သည့်အပြစ်များကြောင့် သင်တို့၏ စည်းစိမ်ဥစ္စာရွှေငွေရတနာများကို သင် တို့ဝတ်ပြုကိုးကွယ်ကြသည့်မြင့်သော တောင်ကုန်းများနှင့်အတူရန်သူတို့အား ငါသိမ်းယူစေမည်။-
4. သင်၏အပြစ်ကြောင့် သင်တို့သည်ငါပေးအပ် ခဲ့သည့်ပြည်ကိုစွန့်လွှတ်ရကြလိမ့်မည်။ ငါ ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်နေမည်ဖြစ်၍ ငါသည်သင် တို့အားမိမိတို့မရောက်ဘူးသည့်ပြည်တွင် ရန်သူများ၏အစေကိုခံစေမည်'' ဟုမိန့် တော်မူ၏။
5. ထာဝရဘုရားက၊``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။
6. ထိုသူသည်အခြားအဘယ်အပင်မျှမပေါက် သည့်တောကန္တာရမြေရိုင်းတွင်ပေါက်သည့်ခြုံပုတ် နှင့်တူ၏။သူသည်အဘယ်ကောင်းကျိုးကိုမျှမခံစားရ။''
7. ``သို့ရာတွင်ငါ့ကိုကိုးစား၍ယုံကြည်သူအား ငါကောင်းချီးပေးမည်။