9. ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားမိန့်တော် မူသည့်စကားကိုနားထောင်လော့။ ငါသည်သူ တို့၏ဝမ်းမြောက်ရွှင်လန်းသံများနှင့်မင်္ဂလာ ပွဲများ၏ပျော်ရွှင်သံများကို ဤအရပ်တွင် ဆိတ်သုဉ်းစေမည်။ ဤအမှုအရာများဖြစ် ပျက်သည်ကိုဤအရပ်ရှိလူတို့တွေ့မြင် ရကြလိမ့်မည်။''
10. ``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
11. ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
12. သင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။-
13. ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။