6. ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
7. ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်သေဆုံးသည့် အတွက်နှစ်သိမ့်မှုရရှိစေရန်အဘယ်သူမျှ မသာရှင်နှင့်အတူစားသောက်ကြလိမ့်မည် မဟုတ်။ မိဘသေဆုံးသူများပင်လျှင်အဘယ် သူမျှကရုဏာသက်မှုကိုပြသကြလိမ့် မည်မဟုတ်။''
8. ``သင်သည်သူတို့စားသောက်ပွဲကျင်းပနေ သည့်အိမ်သို့မဝင်နှင့်။ ထိုသူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်၊-
9. ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားမိန့်တော် မူသည့်စကားကိုနားထောင်လော့။ ငါသည်သူ တို့၏ဝမ်းမြောက်ရွှင်လန်းသံများနှင့်မင်္ဂလာ ပွဲများ၏ပျော်ရွှင်သံများကို ဤအရပ်တွင် ဆိတ်သုဉ်းစေမည်။ ဤအမှုအရာများဖြစ် ပျက်သည်ကိုဤအရပ်ရှိလူတို့တွေ့မြင် ရကြလိမ့်မည်။''
10. ``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
11. ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
12. သင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။-
13. ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားက``အဘယ်သူမျှငါ့အား ဣသရေလပြည်သားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာသူ၊ အသက်ရှင်တော်မူသော ဘုရားသခင်အဖြစ်ဖြင့်တိုင်တည်ကျိန်ဆို မှုမပြုကြတော့မည့်အချိန်ကျရောက်လာ လိမ့်မည်။-
15. ယင်းသို့ကျိန်ဆိုမည့်အစားလူတို့သည်ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲလွင့် စေရာအခြားပြည်အပေါင်းမှလည်းကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက်ရှင် တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ငါသည် သူတို့အားမိမိတို့ပိုင်သောပြည်၊ သူတို့ ဘိုးဘေးများအားငါပေးအပ်ခဲ့သည့် ပြည်သို့ပြန်လည်ခေါ်ဆောင်လာတော်မူ မည်'' ဟုမိန့်တော်မူ၏။
16. ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
17. သူတို့ပြုသမျှသောအမှုတို့ကိုငါမြင် ၏။ ငါမမြင်သည့်အရာတစ်စုံတစ်ခုမျှ မရှိ။ သူတို့၏အပြစ်များသည်ငါ၏ မြင်ကွင်းနှင့်မလွတ်။-