17. သူတို့ပြုသမျှသောအမှုတို့ကိုငါမြင် ၏။ ငါမမြင်သည့်အရာတစ်စုံတစ်ခုမျှ မရှိ။ သူတို့၏အပြစ်များသည်ငါ၏ မြင်ကွင်းနှင့်မလွတ်။-
18. သူတို့အားမိမိတို့အပြစ်နှင့်ယုတ်မာမှု များအတွက် နှစ်ဆမျှကြီးလေးသည့်အပြစ် ဒဏ်ကိုငါပေးမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လူသေသဖွယ်အသက်မရှိသည့် ရုပ်တုများအားဖြင့် ငါ၏ပြည်တော်ကိုညစ် ညမ်းစေလေပြီ။ မိမိတို့အားငါပေးအပ် သည့်ပြည်ကိုဘုရားအတုအယောင်များ နှင့်ပြည့်နှက်စေလေပြီ'' ဟုမိန့်တော်မူ၏။
19. အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
20. လူသည်မိမိကိုးကွယ်ရန်ဘုရားများကို ပြုလုပ်နိုင်ပါသလော။ မပြုလုပ်နိုင်ပါ။ ပြု လုပ်လျှင်လည်းယင်းတို့သည် ဘုရားသခင် အမှန်ဖြစ်လိမ့်မည်မဟုတ်'' ဟုယေရမိ လျှောက်ထားလေ၏။
21. ထာဝရဘုရားက``ဤသို့ဖြစ်ပါမူငါသည် မိမိ၏ဘုန်းတန်ခိုးအာနုဘော်တော်ကို သူတို့ အားသိစေတော်မူမည်။ အပြီးအပိုင်သိစေ တော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။