ယေ​ရ​မိ 16:14-17 Common Language Bible (BCL)

14. ထာ​ဝ​ရ​ဘု​ရား​က``အ​ဘယ်​သူ​မျှ​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သူ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့်​တိုင်​တည်​ကျိန်​ဆို မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန်​ကျ​ရောက်​လာ လိမ့်​မည်။-

15. ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား​လူ​တို့​သည်​ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ​လွင့် စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း​ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​အား​မိ​မိ​တို့​ပိုင်​သော​ပြည်၊ သူ​တို့ ဘိုး​ဘေး​များ​အား​ငါ​ပေး​အပ်​ခဲ့​သည့် ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။

16. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​ကို ဖမ်း​ရန် တံ​ငါ​သည်​အ​မြောက်​အ​မြား​ကို​ပို့ မည်။ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​နှင့် ကျောက်​ဆောင်​များ​အ​ကြား​၌ သူ​တို့​အား လိုက်​လံ​ရှာ​ဖွေ​ရန်​မု​ဆိုး​အ​မြောက် အ​မြား​ကို​ပို့​မည်။-

17. သူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ငါ​မြင် ၏။ ငါ​မ​မြင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ မြင်​ကွင်း​နှင့်​မ​လွတ်။-

ယေ​ရ​မိ 16