12. (သံကိုအထူးသဖြင့်မြောက်အရပ်မှရရှိ သည့်သံနှင့်ကြေးရောသောသံကိုအဘယ် သူမျှမချိုးဖြတ်နိုင်ပါ။)
13. ထာဝရဘုရားကငါ့အား``ငါသည်တစ် ပြည်လုံးတွင်ငါ၏လူမျိုးတော်ကူးလွန် သည့်အပြစ်များအတွက်ဒဏ်ခတ်မည်။ သူ တို့၏စည်းစိမ်ဥစ္စာရွှေငွေ၊ ရတနာများ ကိုသိမ်းယူရန်ရန်သူများကိုစေလွှတ်မည်။-
14. ငါ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်ရှိသဖြင့် ငါသည်မိမိလူ မျိုးတော်အားသူတို့မရောက်ဘူးသည့်ပြည် တွင်ရန်သူများ၏အစေအပါးကိုခံစေ မည်'' ဟုမိန့်တော်မူ၏။
15. ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
16. ကိုယ်တော်ရှင်ဗျာဒိတ်ပေးတော်မူသောအခါ ကျွန်တော်မျိုးသည်လုံးစေ့ပတ်စေ့နားထောင် ပါ၏။ နှုတ်ကပတ်တော်တို့သည်ကျွန်တော်မျိုး ၏စိတ်နှလုံးကိုရွှင်ပြုံးအားရစေပါ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ နာမတော်ကိုဆောင်ပါ၏။-
17. ကျွန်တော်မျိုးသည်အခြားသူများနှင့် ရယ်မောလျက် အပျော်အပါးလိုက်စားလျက် အချိန်မဖြုန်းပါ။ ကိုယ်တော်ရှင်ပေးအပ်ထား တော်မူသည့်အလုပ်တာဝန်ကြောင့် ကျွန်တော် မျိုးသည်တစ်ဦးတစ်ယောက်တည်းနေထိုင် ကာအမျက်ဒေါသနှင့်ပြည့်၍လာပါ၏။-
18. ကျွန်တော်မျိုးသည်အဘယ်ကြောင့် ဆက်လက် ၍ဝေဒနာခံရပါသနည်း။ ကျွန်တော်မျိုး ၏အနာများသည်အဘယ်ကြောင့် ကုသ၍ မပျောက်နိုင်ပါသနည်း။ အဘယ်ကြောင့်ထို အနာများမကျက်ဘဲနေပါသနည်း။ ကိုယ် တော်ရှင်သည်နွေအခါခန်းခြောက်သည့်ချောင်း ရေမထွက်သည့်စမ်းကဲ့သို့ကျွန်တော်မျိုး အားစိတ်ပျက်စေလိုတော်မူပါသလော'' ဟုလျှောက်၏။
19. ယင်းသို့လျှောက်ထားသောအခါ ထာဝရ ဘုရားက``အကယ်၍သင်သည်နောင်တရ မည်ဆိုလျှင် သင့်အားငါပြန်လက်ခံမည်။ သင်သည်လည်းငါ၏အစေခံဖြစ်ပြန်ရ လိမ့်မည်။ အကယ်၍သင်သည်တန်ဖိုးမဲ့သော စကားကိုမပြောဘဲအကျိုးရှိသည့်စကား ကိုပြောမည်ဆိုက ငါ၏ပရောဖက်ဖြစ်ပြန် ရလိမ့်မည်။ ပြည်သူတို့သည်သင်၏ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည်သူတို့ထံ သို့သွားရန်မလိုတော့ပေ။-
20. ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-