1. မိုးခေါင်ခြင်းနှင့်ပတ်သက်၍ထာဝရဘုရား သည် ငါ့အားမိန့်တော်မူသည်ကား၊
2. ``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
3. ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည်ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
4. မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။
5. ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
6. မြင်းရိုင်းတို့သည်တောင်ထိပ်များတွင်ရပ်လျက် ခွေးအများကဲ့သို့အသက်လု၍ရှူနေကြ၏။သူတို့သည်အစာငတ်မှုကြောင့်မျက်စိများ မှုံဝေလျက်နေကြ၏။
7. ငါ၏လူမျိုးတော်ကငါ့အား`ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။