ယေ​ရ​မိ 13:4-16 Common Language Bible (BCL)

4. ``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-

5. သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​အ​နီး​သို့ သွား​၍ ထို​ခါး​ဝတ်​ကို​ဝှက်​ထား​လိုက်​၏။-

6. ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဥ​ဖ​ရတ်​မြစ် အ​နီး​သို့​ပြန်​သွား​ပြီး​လျှင် ခါး​ဝတ်​ကို​ထုတ် ယူ​ရန်​မိန့်​မှာ​တော်​မူ​၏။-

7. သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​သို့​သွား ပြီး​လျှင် ငါ​ဝှက်​ထား​ရာ​အ​ရပ်​ကို​ရှာ​ဖွေ​ရာ ခါး​ဝတ်​ကို​တွေ့​ရှိ​ရ​သော် ယင်း​တို့​သည်​ဆွေး မြေ့​လျက်​နေ​သ​ဖြင့်​အ​သုံး​မ​ဝင်​တော့​ချေ။

8. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က၊-

9. ``ဤ​နည်း​အ​တိုင်း​ပင်​ငါ​သည်​ယု​ဒ​ပြည် ၏​စိတ်​နေ​မြင့်​မှု​နှင့်​ယေ​ရု​ရှ​လင်​မြို့​၏ မာန်​မာ​န​ထောင်​လွှား​မှု​ကို​ချိုး​နှိမ်​မည်။-

10. ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-

11. ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။

12. ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-

13. ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-

14. ထို​နောက်​ငါ​သည်​အိုး​များ​ကို​တစ်​ခု​နှင့် တစ်​ခု​ထိ​ခိုက်​၍​ကွဲ​စေ​သ​ကဲ့​သို့ သူ​တို့ အား​ကြီး​ငယ်​မ​ရွေး​ဖျက်​ဆီး​မည်။ အ​ဘယ် သ​နား​ကြင်​နာ၊ က​ရု​ဏာ​စိတ်​က​မျှ​ငါ့ ကို​သူ​တို့​အား​သတ်​ဖြတ်​မှု​မှ​ဆီး​တား လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

15. ဣ​သ​ရေ​လ​ပြည်​သား​တို့၊ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ရှိ​တော်​မူ​ပြီ။ စိတ်​နှိမ့်​ချ​လျက်​နား​ထောင်​ကြ​လော့။

16. သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့်သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်းသင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ယေ​ရ​မိ 13