3. ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4. ``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
5. သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။-
6. ထိုနောက်ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည် ငါ့အားဥဖရတ်မြစ် အနီးသို့ပြန်သွားပြီးလျှင် ခါးဝတ်ကိုထုတ် ယူရန်မိန့်မှာတော်မူ၏။-
7. သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်သို့သွား ပြီးလျှင် ငါဝှက်ထားရာအရပ်ကိုရှာဖွေရာ ခါးဝတ်ကိုတွေ့ရှိရသော် ယင်းတို့သည်ဆွေး မြေ့လျက်နေသဖြင့်အသုံးမဝင်တော့ချေ။
8. ထိုနောက်ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူပြန်၏။ ကိုယ်တော်က၊-
9. ``ဤနည်းအတိုင်းပင်ငါသည်ယုဒပြည် ၏စိတ်နေမြင့်မှုနှင့်ယေရုရှလင်မြို့၏ မာန်မာနထောင်လွှားမှုကိုချိုးနှိမ်မည်။-
10. ဤဆိုးညစ်သူတို့သည်ငါ့စကားကို နားမထောင်၊ ခေါင်းမာမြဲခေါင်းမာလျက်၊ အခြားဘုရားတို့အားဝတ်ပြုကိုးကွယ်၍ အစေခံလျက်နေကြလေပြီ။ သို့ဖြစ်၍ ထိုသူတို့သည်အသုံးမဝင်တော့သည့် ခါးဝတ်ကဲ့သို့ဖြစ်ကြလိမ့်မည်။-
11. ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။
12. ဣသရေလလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားက``အချင်းယေရမိ၊ စပျစ် ရည်အိုးမှန်သမျှကိုစပျစ်ရည်ဖြည့်ရကြ မည်ဟု ဣသရေလပြည်သားတို့အားပြော ကြားရမည်။ သူတို့ကစပျစ်ရည်အိုးရှိ သမျှကိုစပျစ်ရည်ဖြည့်ရမည်ဖြစ်ကြောင်း မိမိတို့သိပါသည်ဟုပြန်ပြောကြလိမ့် မည်။-