ယေ​ရ​မိ 13:15-26 Common Language Bible (BCL)

15. ဣ​သ​ရေ​လ​ပြည်​သား​တို့၊ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ရှိ​တော်​မူ​ပြီ။ စိတ်​နှိမ့်​ချ​လျက်​နား​ထောင်​ကြ​လော့။

16. သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့်သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်းသင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

17. အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။

18. ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-

19. တောင်​ဘက်​ယု​ဒ​မြို့​တို့​သည်​အ​ဝိုင်း​ခံ​လျက် ရှိ​၏။ ယင်း​တို့​ထံ​သို့​အ​ဘယ်​သူ​မျှ​မ​သွား နိုင်။ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည်​အ​ဖမ်း ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​ပြည်​နှင် ဒဏ်​သင့်​ကြ​လေ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

20. ယေ​ရု​ရှ​လင်​မြို့၊ ကြည့်​လော့။ သင်​၏​ရန်​သူ များ​သည်​မြောက်​အ​ရပ်​မှ​လာ​လျက်​ရှိ​၏။ ကြည့်​ရှု​စောင့်​ရှောက်​ရန် သင့်​အား​ငါ​ပေး အပ်​ထား​သည့်​လူ​များ၊ သင်​တို့​ဂုဏ်​ယူ သည့်​လူ​မျိုး​တို့​ကား​အ​ဘယ်​မှာ​နည်း။-

21. မိ​မိ​တို့​၏​မိတ်​ဆွေ​များ​ဟု​သင်​တို့​ထင်​မှတ် သူ​တို့​သည် သင်​တို့​ကို​နှိမ်​နင်း​၍​အုပ်​စိုး​ရန် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ကြ​မည်​နည်း။ သင်​တို့​သည်​သား​ဖွား​သည့်​အ​မျိုး​သ​မီး ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့်​မည်။-

22. အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-

23. လူ​မည်း​သည်​မိ​မိ​၏​အ​သား​အ​ရောင်​ကို ပြောင်း​လဲ​စေ​နိုင်​ပါ​သ​လော။ သို့​တည်း​မ ဟုတ်​ကျား​သစ်​သည်​မိ​မိ​၏​အ​ကွက်​များ ကို​ဖယ်​ရှား​ပစ်​နိုင်​ပါ​သ​လော။ အ​ကယ်​၍ ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​လုပ်​နိုင်​မည် ဆို​ပါ​မူ ဒု​စ​ရိုက်​ကို​သာ​လျှင်​ပြု​ကျင့် တတ်​သူ​သင်​တို့​သည်​လည်း သု​စ​ရိုက်​သို့ ပြောင်း​လဲ​ပြု​ကျင့်​ကောင်း​ပြု​ကျင့်​နိုင်​ကြ ပေ​လိမ့်​မည်။-

24. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သဲ​ကန္တာ​ရ မှ​လာ​သော​လေ​ပြင်း​တွင် လွင့်​ပါ​သွား​သည့် ဖွဲ​ကဲ့​သို့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-

25. ဤ​သည်​ကား​သင်​တို့​ကံ​ကြမ္မာ​ဖြစ်​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​လေ​ပြီ။ သင်​တို့​သည်​ကိုယ်​တော်​အား​မေ့​လျော့​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​ယုံ​ကြည် အား​ကိုး​ကြ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည် သင်​တို့​အား​ဤ​သို့​စီ​ရင်​ရန်​ဆုံး​ဖြတ် တော်​မူ​ခြင်း​ဖြစ်​၏။-

26. ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-

ယေ​ရ​မိ 13