1. ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
2. သို့ဖြစ်၍ငါသည်ထာဝရဘုရား၏အမိန့် တော်အတိုင်းပိတ်ခါးဝတ်ကိုဝယ်ယူဝတ် ဆင်၏။-
3. ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4. ``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
5. သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။-
6. ထိုနောက်ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည် ငါ့အားဥဖရတ်မြစ် အနီးသို့ပြန်သွားပြီးလျှင် ခါးဝတ်ကိုထုတ် ယူရန်မိန့်မှာတော်မူ၏။-
7. သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်သို့သွား ပြီးလျှင် ငါဝှက်ထားရာအရပ်ကိုရှာဖွေရာ ခါးဝတ်ကိုတွေ့ရှိရသော် ယင်းတို့သည်ဆွေး မြေ့လျက်နေသဖြင့်အသုံးမဝင်တော့ချေ။