1. ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
2. သို့ဖြစ်၍ငါသည်ထာဝရဘုရား၏အမိန့် တော်အတိုင်းပိတ်ခါးဝတ်ကိုဝယ်ယူဝတ် ဆင်၏။-
3. ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4. ``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
5. သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။-
6. ထိုနောက်ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည် ငါ့အားဥဖရတ်မြစ် အနီးသို့ပြန်သွားပြီးလျှင် ခါးဝတ်ကိုထုတ် ယူရန်မိန့်မှာတော်မူ၏။-
7. သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်သို့သွား ပြီးလျှင် ငါဝှက်ထားရာအရပ်ကိုရှာဖွေရာ ခါးဝတ်ကိုတွေ့ရှိရသော် ယင်းတို့သည်ဆွေး မြေ့လျက်နေသဖြင့်အသုံးမဝင်တော့ချေ။
8. ထိုနောက်ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူပြန်၏။ ကိုယ်တော်က၊-
9. ``ဤနည်းအတိုင်းပင်ငါသည်ယုဒပြည် ၏စိတ်နေမြင့်မှုနှင့်ယေရုရှလင်မြို့၏ မာန်မာနထောင်လွှားမှုကိုချိုးနှိမ်မည်။-
10. ဤဆိုးညစ်သူတို့သည်ငါ့စကားကို နားမထောင်၊ ခေါင်းမာမြဲခေါင်းမာလျက်၊ အခြားဘုရားတို့အားဝတ်ပြုကိုးကွယ်၍ အစေခံလျက်နေကြလေပြီ။ သို့ဖြစ်၍ ထိုသူတို့သည်အသုံးမဝင်တော့သည့် ခါးဝတ်ကဲ့သို့ဖြစ်ကြလိမ့်မည်။-