ယေ​ရ​မိ 12:2-13 Common Language Bible (BCL)

2. ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​စိုက်​ပျိုး​တော် မူ​သ​ဖြင့်သူ​တို့​သည်​အ​မြစ်​စွဲ​ကာ​ကြီး​ပွား​လျက် အ​သီး​အ​နှံ​များ​အောင်​ကြ​ပါ​၏။သူ​တို့​သည်​အ​စဉ်​ပင်​ကိုယ်​တော်​ရှင်​ကောင်း မြတ် တော်​မူ​ကြောင်း​ကို​ပြော​ဆို​ကြ​သော်​လည်း၊အ​မှန်​အား​ဖြင့်​ကိုယ်​တော်​ရှင်​ကို​ပ​မာ​ဏ မပြု​ကြ​ပါ။

3. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​ပြု​ကျင့်​သည့်​အ​မှု​ကို​လည်းကောင်း၊ကိုယ်​တော်​ရှင်​အား၊ကျွန်​တော်​မျိုး​၏​အ​ကြံ အ​စည် ကို​လည်း​ကောင်း​သိ​မြင်​တော်​မူ​ပါ​၏။ထို​ဆိုး​ညစ်​သူ​တို့​အား​အ​သတ်​ခံ​ရ​မည့်​သိုး များ​ကဲ့​သို့ ဆွဲ​ထုတ်​သွား​တော်​မူ​ပါ​၏။အ​သတ်​ခံ​ရ​ချိန်​မ​တိုင်​မီ​သူ​တို့​အား စောင့်​ကြပ်​ထား​တော်​မူ​ပါ​၏။

4. ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။`ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့်ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''

5. ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊အ​ကယ်​၍​သင်​သည် လူ​တို့​နှင့်​အ​ပြေး​ပြိုင်​ရာ​တွင်​မော​ပန်း​နေ​ပါ​မူမြင်း​များ​နှင့်​အ​ဘယ်​သို့​အ​ပြေး​ပြိုင်​နိုင်​မည် နည်း။သင်​သည်​လွင်​ပြင်​တွင်​လဲ​နေ​လျှင်​ယော်​ဒန်​မြစ် အ​နီး​ရှိ တော​အုပ်​များ​၌​အ​ဘယ်​သို့​ခံ​ရပ်​နိုင်​မည်​နည်း။

6. သင်​၏​အိမ်​ထောင်​စု​သား​များ၊သင့်​ညီ​အစ်​ကို များ ပင်​လျှင်​သင့်​အား​သစ္စာ​ဖောက်​ကြ​လေ​ပြီ။သူ​တို့​သည်​သင်​၏​တစ်​ဘက်​မှ​ဝင်​၍​သင့်​အား အော်​ဟစ်​နေ​ကြ​၏။သူ​တို့​သည်​သင့်​အား​နှုတ်​ချို​စွာ​ပြော​သော်​လည်း သူ​တို့​ကို​သင်​မ​ယုံ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

7. ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ငါ​၏​အိမ်​ကို​စွန့်​ပစ်​လိုက်​လေ​ပြီ။ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​ကို​ပစ်​ပယ် လိုက်​လေ​ပြီ။ငါ​ချစ်​မြတ်​နိုး​သည့်​လူ​တို့​အား​ရန်​သူ​များ​၏ လက်​သို့ အပ်​နှံ​လိုက်​လေ​ပြီ။

8. ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည်တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။

9. ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​သည်​သိမ်း ငှက်​များ ဝိုင်း​ဝန်း​၍​ထိုး​ဆိတ်​ခံ​ရ​သည့်​ငှက်​နှင့်​တူ​၏။သား​ရဲ​တိ​ရစ္ဆာန်​တို့​လာ​၍​စား​သောက်​ကြ​ရန် ခေါ်​ဖိတ်​လော့။

10. လူ​မျိုး​ခြား​ဘု​ရင်​အ​များ​ပင်​ငါ​၏ စ​ပျစ် ဥ​ယျာဉ်​ကို​ဖျက်​ဆီး​ပစ်​ကြ​လေ​ပြီ။သူ​တို့​သည်​ငါ​၏​လယ်​ယာ​များ​ကို နင်း​ချေ​ပစ်​ကြ​လေ​ပြီ။နှစ်​သက်​ဖွယ်​ကောင်း​သည့်​ငါ့​ပြည်​တော် ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လေ​ပြီ။

11. သူ​တို့​သည်​ထို​ပြည်​ကို​မြေ​ရိုင်း​ဖြစ်​စေ​ကြ လေ​ပြီ။ထို​ပြည်​သည်​ငါ​၏​ရှေ့​မှောက်​၌​လူ​သူ ကင်း​မဲ့​လျက်​ရှိ​၏။တစ်​ပြည်​လုံး​ပင်​စွန့်​ပစ်​ခြင်း​ခံ​ရ​၍​အ​ဘယ်​သူ​မျှ ဂ​ရု​မ​စိုက်​ကြ။

12. လူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ရန်​သဲ​ကန္တာ​ရ​ရှိ ကုန်း​မြင့်​များ​ကို​ဖြတ်​၍​လာ​လေ​ပြီ။ဤ​ပြည်​တစ်​ခု​လုံး​ကို​ဖျက်​ဆီး​ချေ​မှုန်း​ပစ်​ရန် ငါ​သည်​စစ်​ပွဲ​ကို​ဖြစ်​ပွား​စေ​လေ​ပြီ။အ​ဘယ်​သူ​မျှ​ငြိမ်း​ချမ်း​စွာ​မ​နေ​မ​ထိုင် ရ​ကြ။

13. ငါ​၏​လူ​မျိုး​တော်​သည်​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး သော်​လည်း ဆူး​ပင်​များ​ကို​ရိတ်​သိမ်း​ရ​ကြ​၏။သူ​တို့​သည်​အ​လုပ်​ကို​ကြိုး​စား​၍​လုပ်​သော် လည်း အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ရှိ။ငါ​၏​အ​မျက်​တော်​ပြင်း​ထန်​မှု​ကြောင့်သူ​တို့​သည်​ရှက်​ကြောက်​ခြင်း​သီး​နှံ​ကို ရိတ်​သိမ်း ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 12