16. အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
17. သို့ရာတွင်ငါ့စကားကိုနားမထောင်သော လူမျိုးကို ငါသည်အမြစ်မှနုတ်၍ဖျက်ဆီး ပစ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။