ယေ​ရ​မိ 12:15-17 Common Language Bible (BCL)

15. သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား​ယင်း​သို့​ဆွဲ ထုတ်​ပြီး​နောက်​က​ရု​ဏာ​ပြ​မည်။ ထို​လူ​မျိုး အ​သီး​သီး​ကို​မိ​မိ​တို့​ပိုင်​သည့်​နယ်​မြေ​သို့ လည်း​ကောင်း၊ မိ​မိ​တို့​၏​ပြည်​သို့​လည်း​ကောင်း ပြန်​လည်​ပို့​ဆောင်​မည်။-

16. အ​ကယ်​၍​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏ ဘာ​သာ​တ​ရား​ကို​လက်​ခံ​ကာ အ​ခါ​တစ်​ပါး က​ဗာ​လ​ဘု​ရား​အား​တိုင်​တည်​ကျိန်​ဆို​မှု ကို​သူ​တို့​သည် ငါ​၏​လူ​မျိုး​တော်​အား​သင် ကြား​ပေး​ခဲ့​သည့်​နည်း​တူ​ယ​ခု​အ​ခါ`ထာ​ဝ​ရ ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း' ဟု ငါ​၏​နာ​မ​တော်​အား​ဖြင့်​ကျိန်​ဆို​ကြ​ပါ​မူ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တွင်​အ​ပါ အ​ဝင်​ဖြစ်​လျက်​ကောင်း​စား​ကြ​လိမ့်​မည်။-

17. သို့​ရာ​တွင်​ငါ့​စ​ကား​ကို​နား​မ​ထောင်​သော လူ​မျိုး​ကို ငါ​သည်​အ​မြစ်​မှ​နုတ်​၍​ဖျက်​ဆီး ပစ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 12