12. လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
13. ငါ၏လူမျိုးတော်သည်ဂျုံစပါးကိုစိုက်ပျိုး သော်လည်း ဆူးပင်များကိုရိတ်သိမ်းရကြ၏။သူတို့သည်အလုပ်ကိုကြိုးစား၍လုပ်သော် လည်း အဘယ်သို့မျှအကျိုးမရှိ။ငါ၏အမျက်တော်ပြင်းထန်မှုကြောင့်သူတို့သည်ရှက်ကြောက်ခြင်းသီးနှံကို ရိတ်သိမ်း ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
15. သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-
16. အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-