1. အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော်ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
2. ကိုယ်တော်ရှင်သည်သူတို့အားစိုက်ပျိုးတော် မူသဖြင့်သူတို့သည်အမြစ်စွဲကာကြီးပွားလျက် အသီးအနှံများအောင်ကြပါ၏။သူတို့သည်အစဉ်ပင်ကိုယ်တော်ရှင်ကောင်း မြတ် တော်မူကြောင်းကိုပြောဆိုကြသော်လည်း၊အမှန်အားဖြင့်ကိုယ်တော်ရှင်ကိုပမာဏ မပြုကြပါ။
3. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အကြောင်းကိုသိတော်မူပါ၏။ကျွန်တော်မျိုးပြုကျင့်သည့်အမှုကိုလည်းကောင်း၊ကိုယ်တော်ရှင်အား၊ကျွန်တော်မျိုး၏အကြံ အစည် ကိုလည်းကောင်းသိမြင်တော်မူပါ၏။ထိုဆိုးညစ်သူတို့အားအသတ်ခံရမည့်သိုး များကဲ့သို့ ဆွဲထုတ်သွားတော်မူပါ၏။အသတ်ခံရချိန်မတိုင်မီသူတို့အား စောင့်ကြပ်ထားတော်မူပါ၏။
4. ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။`ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့်ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''