2-3. ``ဤပဋိညာဉ်တော်တွင်ပါရှိသည့်အချက် အလက်များကိုနားထောင်လော့။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ငါထာဝရ ဘုရားသည် ထိုပဋိညာဉ်ပါအချက်အလက် များကိုမလိုက်နာသူမှန်သမျှအား ကျိန်စာ သင့်စေတော်မူမည်ဖြစ်ကြောင်းယုဒပြည် သားတို့နှင့်ယေရုရှလင်မြို့သားတို့အား ပြောကြားလော့။-
15. ထာဝရဘုရားက``ငါချစ်မြတ်နိုးသည့် လူတို့သည် မကောင်းမှုများကိုပြုကျင့် လျက်နေကြ၏။ သူတို့မှာအဘယ်သို့လျှင် ငါ၏ဗိမာန်တော်သို့ဝင်ရောက်ခွင့်ရှိသနည်း။ တိရစ္ဆာန်များကိုယဇ်ပူဇော်ခြင်းအားဖြင့် သက်ရောက်လတ္တံ့သောဘေးအန္တရာယ်ဆိုးကို ဖယ်ရှားနိုင်မည်ဟုထင်မှတ်ကြသလော။ သူ တို့သည်ဆိုးညစ်မှုများကိုပြုလုပ်လျက် ဝမ်းမြောက်ကြမည်လော။-
16. အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။
17. ``အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဣသရေလပြည်နှင့်ယုဒပြည်ကိုပြုစု ပျိုးထောင်ပေးခဲ့၏။ သို့ရာတွင်ယခုအခါ ငါသည်ထိုပြည်များအပေါ်သို့ ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သူတို့သည်ဒုစ ရိုက်ကိုပြုခဲ့ကြသည်ဖြစ်၍ဗာလဘုရား ကိုယဇ်ပူဇော်ခြင်းအားဖြင့်သူတို့သည် ငါ ၏အမျက်တော်ကိုလှုံ့ဆော်ကြလေပြီ။''
18. ငါ့ကိုသတ်ဖြတ်ရန် ရန်သူတို့လျှို့ဝှက်စွာ ကြံစည်လျက်နေကြောင်း ငါ့အားထာဝရ ဘုရားဗျာဒိတ်ပေးတော်မူ၏။-
19. ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
20. ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
21. အာနသုတ်မြို့သားတို့အတွက်ထာဝရ ဘုရားမိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ငါ့အားသတ်လိုသဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆက်လက် ဟောပြောလျှင် ငါ့ကိုသတ်မည်ဟုဆိုကြ၏။-
22. သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
23. အာနသုတ်မြို့သားတို့ပေါ်သို့ဘေးအန္တရာယ် ဆိုးကျရောက်လာသောနေ့ကိုငါသတ်မှတ် ပြီ။ ထိုနေ့၌သူတို့တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက်ကျန်ရှိမည်မဟုတ်'' ဟုမိန့်တော်မူ၏။