5. ဤသို့သောရုပ်တုများသည်သခွားခင်းရှိ စာချောက်ရုပ်များနှင့်တူ၍စကားမပြော တတ်ကြ။သူတို့သည်လမ်းမလျှောက်နိုင်သဖြင့် သူတို့ကို သယ်ဆောင်ပေးရကြ၏။သူတို့သည်သင်တို့အားဘေးဥပဒ်ကိုလည်း ကောင်း၊ ကောင်းကျိုးကိုလည်းကောင်းမပေးနိုင်ကြ။သင်တို့သည်သူတို့အားမကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
6. အို ထာဝရဘုရား၊ကိုယ်တော်ရှင်နှင့်တူသော ဘုရား တစ်ဆူမျှမရှိပါ။ကိုယ်တော်ရှင်သည်တန်ခိုးကြီးတော်မူပါ၏။နာမတော်သည်လည်းကြီးမြတ်၍တန်ခိုး အာနုဘော်နှင့် ပြည့်ဝပါ၏။
7. လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသောကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
8. သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
9. သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။
10. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ကိုယ်တော်သည်အသက်ရှင်တော်မူသောဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
11. (အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။)
12. ထာဝရဘုရားသည်တန်ခိုးတော်အားဖြင့် ပထဝီမြေကြီးကိုဖြစ်ပေါ်စေတော်မူ၏။ဉာဏ်ပညာတော်ဖြင့်လောကဋ္ဌာတ်ကို ဖန်ဆင်းတော်မူ၍အသိပညာတော်ဖြင့်မိုးကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
13. ကိုယ်တော်အမိန့်ပေးတော်မူသောအခါမိုး ကောင်းကင် အထက်ရှိရေတို့သည်အသံမြည်ဟည်းကြ၏။ကိုယ်တော်သည်ကမ္ဘာမြေကြီးစွန်းမှ မိုးတိမ်များကိုတက်စေတော်မူ၏။မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူ၍မိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်ခတ်စေတော်မူ၏။
14. ဤအခြင်းအရာကိုမြင်ခြင်းကြောင့်လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ပန်းတဉ်းဆရာအပေါင်းတို့သည်မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
15. ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ထာဝရဘုရားသည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါယင်းတို့ကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။