18. သင်တို့အားလောက်လွှဲမှလောက်စာလုံးကိုပစ် သကဲ့သို့ ထာဝရဘုရားသည်သင်တို့အား ဤပြည်မှပယ်ထုတ်တော်မူလိမ့်မည်။ သင်တို့ သည်အဖမ်းခံရသောကြောင့်စိတ်ပျက်ကြ လိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏။
19. ယေရုရှလင်မြို့သားတို့က``ငါတို့သည် ပြင်းပြစွာ ဝေဒနာခံရကြပါပြီ။ငါတို့၏အနာများသည်ပျောက်လိမ့်မည် မဟုတ်ပါ။သို့ရာတွင်ဝေဒနာကိုခံနိုင်လိမ့်မည်ဟု ငါတို့ထင်မှတ်ခဲ့ကြပါသည်တကား။
20. ငါတို့၏တဲများသည်ယိုယွင်းပျက်စီးလျက်၊ယင်းတို့ကိုဆွဲထားသည့်ကြိုးများသည်လည်း ပြတ်၍သွားလေပြီ။ငါတို့၏သားသမီးအားလုံးပင်ငါတို့ထံမှ ထွက်ခွာသွားကြပါပြီ။ငါတို့၏တဲများကိုတစ်ဖန်ပြန်၍ထိုးပေးမည့် သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပါ။တဲကန့်လန့်ကာများကိုလည်းတပ်ဆင်ပေးမည့် သူတစ်ဦးတစ်ယောက်မျှမရှိတော့ပါ'' ဟု ဟစ်အော်ကြ၏။
21. ငါက``ငါတို့၏ခေါင်းဆောင်များသည်မိုက်မဲ သူများဖြစ်၍ထာဝရဘုရား၏ပို့ဆောင်လမ်းပြမှုကို မတောင်းမခံကြ။သို့ဖြစ်၍သူတို့သည်အကြံမအောင်ကြဘဲ ငါတို့ အမျိုးသားများသည်ပျံ့လွင့်၍သွားရ ကြခြင်းဖြစ်၏။
22. နားထောင်ကြလော့။ သတင်းတစ်ရပ်ရောက်ရှိလာလေပြီ။မြောက်အရပ်တွင်ထကြွလှုပ်ရှားမှုဖြစ်ပေါ် နေသည်။သူတို့သည်ယုဒမြို့တို့ကိုခွေးအများခို အောင်းရာလူသူကင်းမဲ့ရာအဖြစ်သို့ပြောင်းလဲစေလိမ့် မည်'' ဟုဆို၏။
23. အို ထာဝရဘုရား၊အဘယ်သူမျှမိမိ၏ ကံကြမ္မာကို ဖန်တီး၍မရကြောင်းကျွန်တော်မျိုးသိ ပါ၏။အဘယ်သူမျှမိမိဘဝကိုအစိုးမရပါ။
24. အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
25. ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။