ယေ​ရ​မိ 10:13-19 Common Language Bible (BCL)

13. ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး ကောင်း​ကင် အ​ထက်​ရှိ​ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​၏။ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ မိုး​တိမ်​များ​ကို​တက်​စေ​တော်​မူ​၏။မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​၍မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​ခတ်​စေ​တော်​မူ​၏။

14. ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​ခြင်း​ကြောင့်လူ​အ​ပေါင်း​တို့​သည်​ထုံ​ထိုင်း​၍​အ​သိ​ဉာဏ် ကင်း​မဲ့​သူ​များ​ဖြစ်​လာ​ရ​ကြ​လေ​သည်။ပန်း​တဉ်း​ဆ​ရာ​အ​ပေါင်း​တို့​သည်မိ​မိ​တို့​သွန်း​လုပ်​သည့်​ဘု​ရား​များ​မှာ အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက် ရကြ​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ရုပ်​တု​များ​တွင် အ​သက်​မ​ရှိ​သော​ကြောင့်​တည်း။

15. ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။

16. ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

17. ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​အား​ရန်​သူ များ​ဝိုင်း​ရံ​လျက်​ရှိ​ကြ​၏။ ဤ​မြို့​မှ​ထွက် ခွာ​ရန်​သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​စု​သိမ်း ကြ​လော့။-

18. သင်​တို့​အား​လောက်​လွှဲ​မှ​လောက်​စာ​လုံး​ကို​ပစ် သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ဤ​ပြည်​မှ​ပယ်​ထုတ်​တော်​မူ​လိမ့်​မည်။ သင်​တို့ သည်​အ​ဖမ်း​ခံ​ရ​သော​ကြောင့်​စိတ်​ပျက်​ကြ လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏။

19. ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ငါ​တို့​သည် ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​ပြီ။ငါ​တို့​၏​အ​နာ​များ​သည်​ပျောက်​လိမ့်​မည် မ​ဟုတ်​ပါ။သို့​ရာ​တွင်​ဝေ​ဒ​နာ​ကို​ခံ​နိုင်​လိမ့်​မည်​ဟု ငါ​တို့​ထင်​မှတ်​ခဲ့​ကြ​ပါ​သည်​တ​ကား။

ယေ​ရ​မိ 10