ယေ​ရ​မိ 10:10-14 Common Language Bible (BCL)

10. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သောဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။

11. (အ​ချင်း​လူ​တို့၊ ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင် ကို​မ​ဖန်​ဆင်း​သည့်​ဘု​ရား​များ​သည်​မိုး​ကောင်း ကင်​အောက်​မှ​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ လည်း​ကောင်း​ကွယ်​ပျောက်​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ကြား​ရ​ကြ​မည်။)

12. ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​အား​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ၏။ဉာဏ်​ပ​ညာ​တော်​ဖြင့်​လော​က​ဋ္ဌာတ်​ကို ဖန်​ဆင်း​တော်​မူ​၍အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။

13. ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး ကောင်း​ကင် အ​ထက်​ရှိ​ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​၏။ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ မိုး​တိမ်​များ​ကို​တက်​စေ​တော်​မူ​၏။မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​၍မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​ခတ်​စေ​တော်​မူ​၏။

14. ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​ခြင်း​ကြောင့်လူ​အ​ပေါင်း​တို့​သည်​ထုံ​ထိုင်း​၍​အ​သိ​ဉာဏ် ကင်း​မဲ့​သူ​များ​ဖြစ်​လာ​ရ​ကြ​လေ​သည်။ပန်း​တဉ်း​ဆ​ရာ​အ​ပေါင်း​တို့​သည်မိ​မိ​တို့​သွန်း​လုပ်​သည့်​ဘု​ရား​များ​မှာ အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက် ရကြ​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ရုပ်​တု​များ​တွင် အ​သက်​မ​ရှိ​သော​ကြောင့်​တည်း။

ယေ​ရ​မိ 10