ယေ​ရ​မိ 10:1-10 Common Language Bible (BCL)

1. အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊သင်​တို့​အ​တွက်ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ကို နား​ထောင်​ကြ​လော့။

2. ကိုယ်​တော်​က``သင်​တို့​သည်​လူ​မျိုး​ခြား​တို့​၏ ကျင့်​စဉ်​ကို​မ​လိုက်​မ​လျှောက်​ကြ​နှင့်။မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သည့်​နိ​မိတ်​လက္ခ​ဏာ များ အ​တွက်​လူ​မျိုး​တ​ကာ​တို့​သည်ထိတ်​လန့်​ကြ​စေ​ကာ​မူ၊သင်​တို့​မ​ထိတ်​မ​လန့် ကြ​နှင့်။

3. ထို​သူ​တို့​၏​ဘာ​သာ​တ​ရား​သည်​အ​ချည်း​နှီး ဖြစ်​၏။တော​၌​သစ်​ပင်​ခုတ်​လှဲ​ပြီး​လျှင်​ပန်း​ပု​ဆ​ရာ​သည် ဆူး​ဆောက်​ဖြင့်​ရုပ်​တု​ကို​ထု​လုပ်​၍၊

4. ရွှေ​ငွေ​တို့​ဖြင့်​တန်​ဆာ​ဆင်​တတ်​၏။ထို​နောက်​မ​လဲ​မ​ကျ​စိမ့်​သော​ငှာ​ယင်း​ကို သံ​မှို​စွဲ​၍​ထား​တတ်​ကြ​၏။

5. ဤ​သို့​သော​ရုပ်​တု​များ​သည်​သ​ခွား​ခင်း​ရှိ စာ​ချောက်​ရုပ်​များ​နှင့်​တူ​၍​စ​ကား​မ​ပြော တတ်​ကြ။သူ​တို့​သည်​လမ်း​မ​လျှောက်​နိုင်​သ​ဖြင့် သူ​တို့​ကို သယ်​ဆောင်​ပေး​ရ​ကြ​၏။သူ​တို့​သည်​သင်​တို့​အား​ဘေး​ဥ​ပဒ်​ကို​လည်း ကောင်း၊ ကောင်း​ကျိုး​ကို​လည်း​ကောင်း​မ​ပေး​နိုင်​ကြ။သင်​တို့​သည်​သူ​တို့​အား​မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

6. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​နှင့်​တူ​သော ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​ကြီး​တော်​မူ​ပါ​၏။နာ​မ​တော်​သည်​လည်း​ကြီး​မြတ်​၍​တန်​ခိုး အာ​နု​ဘော်​နှင့် ပြည့်​ဝ​ပါ​၏။

7. လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သောကိုယ်​တော်​ရှင်​အား​အ​ဘယ်​သူ​သည် မ​ကြောက်​ရွံ့​မ​ရို​သေ​ဘဲ​နေ​ပါ​မည်​နည်း။ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ထိုက်​ပါ​၏။လူ​မျိုး​တ​ကာ​တို့​တွင်​ရှိ​သော​ပ​ညာ​ရှိ အ​ပေါင်း​တို့​တွင်​လည်း​ကောင်း၊သူ​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

8. သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။

9. သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​သည်​တာရှု ပြည်​မှ ထွက်​သည့်​ငွေ​နှင့်​လည်း​ကောင်း၊ဥ​ဖတ်​မြို့​မှ​ထွက်​သည့်​ရွှေ​နှင့်​လည်း​ကောင်း မွမ်း​မံ​ထား​သ​ဖြင့်၊အ​နု​ပ​ညာ​သည်​တို့​၏​လက်​ရာ​ဖြစ်​ပေ​သည်။ထို​ရုပ်​တု​များ​သည်​ကျွမ်း​ကျင်​သူ​ယက်​ကန်း သည်​တို့၊ယက်​လုပ်​ထား​သော​ခ​ရမ်း​ရောင်​ထည်၊ အ​ပြာ​ရောင်​ထည်​တို့​ဖြင့်​တန်​ဆာ​ဆင်​၍ ထား​၏။

10. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သောဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။

ယေ​ရ​မိ 10