ယေ​ရ​မိ 1:8-12 Common Language Bible (BCL)

8. ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။

9. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။

10. လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။

11. ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ သင်​အ​ဘယ် အရာ​ကို​မြင်​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ငါ​က​လည်း``ဗာ​တံ​ကိုင်း​ကို​မြင်​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

12. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​ပြော​သည် အ​တိုင်း​မှန်​ပေ​၏။ ငါ​သည်​လည်း​ငါ့​စ​ကား အ​ကောင်​အ​ထည်​ဖော်​သည်​ကို​စောင့်​ကြည့် လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 1