ယေ​ရ​မိ 1:4-5-17 Common Language Bible (BCL)

6. ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။

7. သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဟု​မ​ဆို​နှင့်။ ငါ​စေ​လွှတ်​သည့်​သူ​ထံ​သို့​သင်​သွား​၍ ငါ မိန့်​မှာ​တော်​မူ​သ​မျှ​ကို​ပြန်​ကြား​လော့။-

8. ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။

9. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။

ယေ​ရ​မိ 1