1. ဤကျမ်းစာတွင် ယေရမိမြွက်ဟပြောဆို ချက်တို့ကိုဖော်ပြထားလေသည်။ သူသည် ဗင်္ယာမိန်နယ်မြေ၊ အာနသုတ်မြို့ရှိယဇ်ပုရော ဟိတ်တစ်ပါးဖြစ်သူဟိလခိ၏သားဖြစ် သည်။-
2. ယောရှိ၏သားယုဒဘုရင်အာမုန် နန်းစံ တစ်ဆယ့်သုံးနှစ်မြောက်၌ ထာဝရဘုရား သည်ယေရမိကိုဗျာဒိတ်ပေးတော်မူ၏။-
3. ထာဝရဘုရားသည်ယောရှိ၏သားယောယ ကိမ်မင်းလက်ထက်၌လည်း သူ့ကိုတစ်ဖန်ဗျာ ဒိတ်ပေးတော်မူပြန်၏။ ထိုနောက်ကိုယ်တော်သည် ယောရှိ၏သားဇေဒကိနန်းစံတစ်ဆယ့်တစ် နှစ်မြောက်၊ ပဉ္စမလ၌ယေရုရှလင်မြို့သား တို့ပြည်နှင်ဒဏ်သင့်ချိန်တိုင်အောင် အကြိမ် ပေါင်းများစွာသူ့အားဗျာဒိတ်တော်များ ကိုပေးတော်မူလေသည်။
6. ငါက``အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး သည်အသက်အရွယ်ငယ်လွန်းသည်ဖြစ်၍ အဘယ်သို့ဟောပြောရမည်ကိုမသိပါ'' ဟုလျှောက်ထား၏။
7. သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
8. ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
9. ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
10. လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
11. ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။