5. ဘုရားသခင်ကငါ့အား``အချင်းလူသား၊ မြောက်ဘက်သို့ကြည့်လော့'' ဟုမိန့်တော်မူသဖြင့်ကြည့်လိုက်သောအခါ တံခါးဝအနီးယဇ်ပလ္လင်ဘေးတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုကိုငါမြင်ရ၏။
6. ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
7. ကိုယ်တော်သည်ငါ့အားအပြင်တံတိုင်းအဝင်ဝသို့ခေါ်ဆောင်သွားပြီးလျှင် တံတိုင်းတွင်ရှိသောအပေါက်တစ်ခုကိုပြတော်မူ၏။-
8. ကိုယ်တော်က``အချင်းလူသား၊ တံတိုင်းကိုဤနေရာမှတူးဖောက်လိုက်လော့'' ဟုမိန့်တော်မူသည့်အတိုင်း ငါသည်တူးဖောက်လိုက်သောအခါတံခါးတစ်ခုကိုမြင်ရ၏။-
9. ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
10. ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
11. ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-