ယေ​ဇ​ကျေ​လ 8:1-12 Common Language Bible (BCL)

1. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​ခြောက်​နှစ်​မြောက်၊ ဆ​ဋ္ဌ​မ​လ၊ ပဉ္စ​မ​နေ့​၌​ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည်​ငါ​၏​အိမ်​တွင်​ထိုင်​၍​ငါ​နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​စဉ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရုတ်​တ​ရက်​ငါ​၏​အ​ပေါ်​သို့​ကျ​ရောက်​လာ​၏။-

2. ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-

3. သူ​သည်​လက်​နှင့်​တူ​သော​အ​ရာ​ကို​ဆန့်​၍​ငါ​၏​ဦး​ဆံ​ကို​ဆွဲ​ကိုင်​လိုက်​၏။ ထို​နောက်​ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​လေ​ထဲ​သို့​ချီ​ပင့်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မြောက်​မျက်​နှာ​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​တစ်​ခု​ရှိ​သ​တည်း။

4. ငါ​သည်​ခေ​ဗာ​မြစ်​အ​နီး​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သည်​နည်း​တူ ဤ​အ​ရပ်​တွင်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​၏။-

5. ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ မြောက်​ဘက်​သို့​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ကြည့်​လိုက်​သော​အ​ခါ တံ​ခါး​ဝ​အ​နီး​ယဇ်​ပလ္လင်​ဘေး​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​ကို​ငါ​မြင်​ရ​၏။

6. ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​သူ​တို့​ပြု​နေ​သည့်​အ​မှု​ကို​သင်​မြင်​သ​လော။ ဤ​အ​ရပ်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​နေ​ကြ​သည့်​စက်​ဆုပ်​ဖွယ်​ရာ​များ​ကို​ကြည့်​လော့။ သူ​တို့​သည်​ငါ့​အား​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ဝေး​သည်​ထက်​ဝေး​အောင်​နှင်​ထုတ်​လျက်​နေ​ကြ​၏။ သင်​သည်​ထို​အ​ရာ​တို့​ထက်​ပို​၍​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ရာ​တို့​ကို​မြင်​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

7. ကိုယ်​တော်​သည်​ငါ့​အား​အ​ပြင်​တံ​တိုင်း​အ​ဝင်​ဝ​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တံ​တိုင်း​တွင်​ရှိ​သော​အ​ပေါက်​တစ်​ခု​ကို​ပြ​တော်​မူ​၏။-

8. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တံ​တိုင်း​ကို​ဤ​နေ​ရာ​မှ​တူး​ဖောက်​လိုက်​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​တူး​ဖောက်​လိုက်​သော​အ​ခါ​တံ​ခါး​တစ်​ခု​ကို​မြင်​ရ​၏။-

9. ကိုယ်​တော်​သည်​ငါ့​အား``အ​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​ပြု​နေ​ကြ​သည့်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော​အ​မှု​တို့​ကို​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​လျှင်၊-

10. ငါ​သည်​အ​ထဲ​သို့​ဝင်​၍​ကြည့်​၏။ တံ​တိုင်း​နံ​ရံ​များ​တွင်​တွား​သွား​သော​သတ္တ​ဝါ​ရုပ်​များ၊ အ​ခြား​မ​သန့်​စင်​သည့်​တိ​ရစ္ဆာန်​ရုပ်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​ခြား​ရုပ်​တု​ပုံ​များ​ကို​ရေး​ဆွဲ​ထား​၏။-

11. ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။-

12. ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​လျှို့​ဝှက်​စွာ​ပြု​လျက်​နေ​ကြ​သော​အ​မှု​ကို​သင်​မြင်​သ​လော။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ရုပ်​တု​များ​ရှိ​သော​အ​ခန်း​ထဲ​၌​ကိုး​ကွယ်​ဝတ်​ပြု​နေ​ကြ​၏။ သူ​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​မ​မြင်။ ကိုယ်​တော်​သည်​ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ' ဟု​ဆင်​ခြေ​ပေး​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 8