ယေ​ဇ​ကျေ​လ 7:25-27 Common Language Bible (BCL)

25. သင်​တို့​ကြောက်​မက်​ဖွယ်​ရာ​အ​ချိန်​ကျ​ရောက် လာ​ပြီ။ သင်​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု ကို​ရှာ​သော်​လည်း​တွေ့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

26. ဘေး​ဒုက္ခ​တို့​သည်​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက် လာ​လျက် သင်​တို့​သည်​သ​တင်း​ဆိုး​များ​ကို အ​ဆက်​မ​ပြတ်​ကြား​ရ​ကြ​လိမ့်​မည်။ သင်​တို့ သည်​ပ​ရော​ဖက်​တို့​အား​သူ​တို့​တွေ့​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​ဖော်​ပြ​ရန် တောင်း​ပန်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ တို့​မှာ​လည်း လူ​တို့​အား​ဟော​ပြော​သွန်​သင် ရန်​အ​ဘယ်​အ​ရာ​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ အ​သက်​ကြီး​သူ​တို့​သည်​လည်း​အ​ဘယ်​သို့ မျှ​အ​ကြံ​ဉာဏ်​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-

27. မင်း​ကြီး​သည်​ညည်း​တွား​မြည်​တမ်း​လျက်​နေ လိမ့်​မည်။ မင်း​သား​သည်​လည်း​မျှော်​လင့်​ရာ​မဲ့ ဖြစ်​၍​နေ​လိမ့်​မည်။ ပြည်​သူ​တို့​ကား​ကြောက် လန့်​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သ​မျှ​သော​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ပေး​မည်။ သင်​တို့​သူ တစ်​ပါး​အား​တ​ရား​စီ​ရင်​ခဲ့​ကြ​သည်​နည်း တူ သင်​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 7