ယေ​ဇ​ကျေ​လ 7:21-25 Common Language Bible (BCL)

21. ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​ကို​တိုက်​ခိုက်​လု ယူ​ကြ​စေ​ရန် လူ​မျိုး​ခြား​တို့​အား​ငါ​အ​ခွင့် ပေး​မည်။ တ​ရား​ဥ​ပ​ဒေ​ချိုး​ဖောက်​သူ​တို့ သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​ယူ​၍ ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။-

22. ဋ္ဌား​ပြ​များ​သည်​ငါ​၏​ဗိ​မာန်​တော်​သို့ အ​တင်း​ဝင်​ရောက်​ကာ​ညစ်​ညမ်း​စေ​သော အ​ခါ​ငါ​သည်​မျက်​ကွယ်​ပြု​မည်။''

23. ``ပြည်​တွင်း​၌​လူ​သတ်​မှု​များ​ဖြင့်​လည်း ကောင်း၊ မြို့​များ​၌​အ​ကြမ်း​ဖက်​မှု​များ​ဖြင့် လည်း​ကောင်း​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် နေ​ရာ တ​ကာ​တွင်​ဗ​ရုတ်​သုတ်​ခ​ဖြစ်​၍​နေ​၏။-

24. ငါ​သည်​အ​ဆိုး​ညစ်​ဆုံး​သော​လူ​မျိုး​တို့​အား ဤ​အ​ရပ်​သို့​ခေါ်​ဆောင်​၍ သင်​တို့​၏​နေ​အိမ် များ​ကို​သိမ်း​ယူ​စေ​မည်။ ထို​သူ​တို့​အား​သင် တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ညစ် ညမ်း​စေ​ရန် ငါ​အ​ခွင့်​ပေး​သော​အ​ခါ​ခွန် အား​ကြီး​သူ​တို့​သည်​အား​လျော့​စိတ်​ပျက် ကြ​လိမ့်​မည်။-

25. သင်​တို့​ကြောက်​မက်​ဖွယ်​ရာ​အ​ချိန်​ကျ​ရောက် လာ​ပြီ။ သင်​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု ကို​ရှာ​သော်​လည်း​တွေ့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

ယေ​ဇ​ကျေ​လ 7