2. ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
3. ``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
4. ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
5. အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ဘေးဒုက္ခတစ်ခုပြီးတစ်ခုသင့်ထံ သို့ရောက်ရှိလာလိမ့်မည်။-
6. သင်ပျက်သုဉ်းရာအချိန်ရောက်ပြီ။ ဆုံးပါး ပျက်စီးရာအချိန်ရောက်ပြီ။ သင့်ကိုဆန့်ကျင် လျက်ရောက်ရှိလာပြီ။-
7. ပြည်သူပြည်သားတို့ဆုံးပါးပျက်စီးရာ အချိန်ရောက်လာပေတော့အံ့။ တောင်ပေါ်တွင် ပွဲလမ်းသဘင်များမရှိတော့ဘဲ ဗရုတ်သုတ် ခဖြစ်ရန်အချိန်သည်နီးကပ်လာလေပြီ။ ရောက်လာတော့မည်။
8. ``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
9. ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
10. ဘေးဒုက္ခရောက်ရာကာလသည်ချဉ်းကပ်လာ လေပြီ။ အကြမ်းဖက်မှုသည်ရှင်သန်ကြီးထွား လျက်ရှိ၏။ မာန်မာနထောင်လွှားမှုအကြီး မားဆုံးအချိန်ပင်ဖြစ်၏။-