6. ဣသရေလအမျိုးသားတို့၏မြို့အပေါင်း လူသူကင်းမဲ့လျက် ဝတ်ပြုကိုးကွယ်ရာမြင့် သောအရပ်များကိုဖြိုဖျက်သဖြင့် ထိုသူ တို့၏ယဇ်ပလ္လင်များနှင့်ရုပ်တုများသည် ပျက်စီးယိုယွင်း၊ အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ကြကုန်လျက် နံ့သာပေါင်းမီးရှို့ရာ ခွက်တို့သည်လည်းကြေမွကာ ထိုသူတို့ပြု လုပ်သမျှသောအရာတို့သည်ပျောက်ပျက် ကုန်လိမ့်မည်။-
7. နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
8. ``ငါသည်လူအချို့တို့ကိုဋ္ဌားဘေးမှလွတ် မြောက်စေ၍ အပြည်ပြည်နိုင်ငံအရပ်ရပ် သို့ပျံ့လွင့်သွားစေမည်။-
9. သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-
10. ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
11. အရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။-
12. ရပ်ဝေးသို့ရောက်နေသူများသည်ဖျားနာ၍ သေရကြလျက် အနီး၌ရှိနေသူတို့မူကား စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ မသေဘဲ ကျန်ရစ်သူတို့သည်အစာငတ်၍သေရ ကြလိမ့်မည်။ သူတို့သည်ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝခံရကြလိမ့်မည်။-