4. ယဇ်ပလ္လင်တို့ကိုဆွဲချဖျက်ဆီး၍နံ့သာပေါင်း မီးရှို့ရာခွက်တို့ကိုချိုးဖဲ့မည်။ လူအပေါင်း တို့သည်လည်း မိမိတို့ကိုးကွယ်သည့်ရုပ်တု များရှေ့တွင်အသတ်ခံရကြလိမ့်မည်။-
5. ငါသည်ဣသရေလအမျိုးသားတို့၏ အလောင်းများကို သူတို့၏ရုပ်တုများရှေ့ တွင်ကြဲဖြန့်မည်။ သူတို့၏အရိုးများကို ယဇ်ပလ္လင်များပတ်လည်တွင်ကြဲဖြန့်မည်။-
6. ဣသရေလအမျိုးသားတို့၏မြို့အပေါင်း လူသူကင်းမဲ့လျက် ဝတ်ပြုကိုးကွယ်ရာမြင့် သောအရပ်များကိုဖြိုဖျက်သဖြင့် ထိုသူ တို့၏ယဇ်ပလ္လင်များနှင့်ရုပ်တုများသည် ပျက်စီးယိုယွင်း၊ အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ကြကုန်လျက် နံ့သာပေါင်းမီးရှို့ရာ ခွက်တို့သည်လည်းကြေမွကာ ထိုသူတို့ပြု လုပ်သမျှသောအရာတို့သည်ပျောက်ပျက် ကုန်လိမ့်မည်။-