1. ``အချင်းလူသား၊ ဋ္ဌားထက်ထက်တစ်လက် ကိုယူ၍သင်၏မုတ်ဆိတ်နှင့်ဆံပင်ကိုရိတ် လော့။ ထိုနောက်ယင်းတို့ကိုချိန်ခွင်တွင်ထည့် ၍ အညီအမျှသုံးစုခွဲလော့။-
2. တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
3. ဆံပင်အနည်းငယ်ကိုသင်၏အဝတ်အ မြိတ်နား၌ထုပ်၍သိမ်းဆည်းထားလော့။-
4. ထိုနောက်အနည်းငယ်ကိုယူ၍မီးရှို့လော့။ ထိုဆံပင်များမှမီးသည်ဣသရေလအမျိုး သားတစ်ရပ်လုံးသို့ပျံ့နှံ့သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
5. အရှင်ထာဝရဘုရားက``ယေရုရှလင် မြို့ကိုကြည့်လော့။ ငါသည်ထိုမြို့ကိုနိုင်ငံ အပေါင်းခြံရံစေကာကမ္ဘာ၏အလယ် ဗဟိုတွင်ထားရှိ၏။-
6. သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။-
7. အချင်းယေရုရှလင်မြို့၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။ သင်သည်ပတ်ဝန်းကျင်၌ရှိသည့်လူမျိုး တို့ထက်ပင်ပို၍ဒုက္ခပေး၏။ ငါ၏ပညတ် များနှင့်အမိန့်တော်များကိုမလိုက်နာ ကြ။ သင်သည်ပတ်ဝန်းကျင်ရှိလူမျိုးတို့ ၏အဆင့်ကိုပင်မမီပေ။-
8. သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
9. ငါရွံမုန်းသောရုပ်တုများကြောင့်သင့်အား ငါသည်အဘယ်အခါကမျှမပေးစဖူး၊ နောင်အဘယ်အခါ၌မျှလည်းပေးမည် မဟုတ်သည့်အပြစ်ဒဏ်ကိုပေးမည်။-