ယေ​ဇ​ကျေ​လ 5:1-3 Common Language Bible (BCL)

1. ``အ​ချင်း​လူ​သား၊ ဋ္ဌား​ထက်​ထက်​တစ်​လက် ကို​ယူ​၍​သင်​၏​မုတ်​ဆိတ်​နှင့်​ဆံ​ပင်​ကို​ရိတ် လော့။ ထို​နောက်​ယင်း​တို့​ကို​ချိန်​ခွင်​တွင်​ထည့် ၍ အ​ညီ​အ​မျှ​သုံး​စု​ခွဲ​လော့။-

2. တစ်​စု​ကို​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ​ထား သည့်​ကာ​လ​ကုန်​ဆုံး​ချိန်​၌​မြို့​ထဲ​မှာ​မီး​ရှို့ လော့။ အ​ခြား​တစ်​စု​ကို​ယူ​၍ မြို့​ထဲ​၌​လှည့် လည်​ကာ​ဋ္ဌား​ဖြင့်​အ​ပိုင်း​ပိုင်း​ဖြတ်​လော့။ ကျန်​တစ်​စု​ကို​လေ​ထဲ​သို့​လွှင့်​လော့။ ငါ သည်​ထို​အ​စု​ကို​လိုက်​၍​ဋ္ဌား​ဖြင့်​တိုက် ခိုက်​မည်။-

3. ဆံ​ပင်​အ​နည်း​ငယ်​ကို​သင်​၏​အ​ဝတ်​အ မြိတ်​နား​၌​ထုပ်​၍​သိမ်း​ဆည်း​ထား​လော့။-

ယေ​ဇ​ကျေ​လ 5