9. ထာဝရဘုရားအတွက်ဆက်ကပ်ထားသည့်နယ်မြေသည်အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။-
10. ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။-
11. ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
12. သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
13. လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-