ယေ​ဇ​ကျေ​လ 48:1-7-9 Common Language Bible (BCL)

1-7. မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန်​မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ​မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး​အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ​တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ဒန်အာ​ရှာန​ဿ​လိမ​နာ​ရှေဧ​ဖ​ရိမ်ရု​ဗင်ယု​ဒ

8. ယု​ဒ​ပြည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​နယ်​စပ်​အ​တွင်း အ​ထူး​နယ်​မြေ​တစ်​ခု​ရှိ​ရ​မည်။ ထို​နယ်​မြေ​သည်​အ​နံ​ရှစ်​မိုင်​ရှိ​၍​အ​လျား​မှာ​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး​သည့်​နယ်​မြေ​တို့​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။ ဗိ​မာန်​တော်​သည်​ထို​နယ်​မြေ​တွင်​ရှိ​ရ​မည်။

9. ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။-

21-22. ဗိ​မာန်​တော်၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​မြို့​အ​တွက်​သတ်​မှတ်​ထား​သော​မြေ​ယာ​၏​အ​ရှေ့​ဘက်​နှင့်​အ​နောက်​ဘက်​တို့​တွင် ကျန်​ရှိ​နေ​သော​မြေ​ယာ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​က​ပိုင်​ဆိုင်​သည်။ ထို​မြေ​ယာ​သည်​အ​ရှေ့​ဘက်​တွင်​အ​ရှေ့​နယ်​နိ​မိတ်​သို့​လည်း​ကောင်း၊ အ​နောက်​ဘက်​တွင်​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက်​၍၊ ဤ​မြေ​ယာ​မြောက်​ဘက်​၌​ရှိ​သော​ယု​ဒ​၏​နယ်​မြေ​နှင့်​တောင်​ဘက်​၌​ရှိ​သော​ဗင်္ယာ​မိန်​၏​နယ်​မြေ​စပ်​ကြား​တွင်​ရှိ​သ​တည်း။

23-27. ဤ​အ​ထူး​နယ်​မြေ​၏​တောင်​ဘက်​၌​အ​ခြား​အ​နွယ်​တို့​သည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ မြေ​ယာ​တစ်​ခု​စီ​ကို​မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​ရ​ကြ​မည်။ဗင်္ယာ​မိန်ရှိ​မောင်ဣသ​ခါဇာ​ဗု​လုန်ဂဒ်

30-34. ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။

ယေ​ဇ​ကျေ​လ 48