ယေ​ဇ​ကျေ​လ 48:13-35 Common Language Bible (BCL)

13. လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-

14. ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​ကောင်း​ဆုံး​ဖြစ်​၍​ထို​မြေ​၏​တစ်​စိတ်​တစ်​ဒေ​သ​ကို​မျှ​ရောင်း​ချ​ခြင်း၊ သို့​မ​ဟုတ်​လဲ​လှယ်​ခြင်း၊ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​၏​နာ​မည်​သို့​ပြောင်း​ပေး​ခြင်း​တို့​ကို​မ​ပြု​ရ။ ထို​မြေ​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​သော​မြေ​ဖြစ်​သ​တည်း။

15. အ​လျား​ရှစ်​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​ကျန်​မြေ​ကွက်​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြေ​မ​ဟုတ်။ လူ​တို့​အ​ထွေ​ထွေ​အ​သုံး​ပြု​ရန်​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​ကာ​ထို​မြေ​ကို​အ​သုံး​ချ​နိုင်​ကြ​၏။ ဤ​မြေ​၏​အ​လယ်​တွင်​မြို့​ကို​တည်​ဆောက်​ရ​မည်။-

16. ထို​မြို့​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍​တစ်​ဘက်​စီ​နှစ်​ထောင့်​ငါး​ရာ​နှစ်​ဆယ်​ကိုက်​ရှိ​ရ​မည်။-

17. မြို့​၏​အ​ရှေ့​အ​နောက်၊ တောင်​မြောက်​အ​ရပ်​လေး​မျက်​နှာ​တို့​တွင်​အ​နံ​ကိုက်​တစ်​ရာ့​လေး​ဆယ်​ရှိ​သော​မြေ​ကွက်​လပ်​တစ်​ခု​စီ​ရှိ​ရ​မည်။-

18. မြို့​ကို​တည်​ပြီး​နောက်​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​တောင်​ဘက်​တွင်​ကပ်​လျက်​နေ​သော​မြေ​ယာ​မှာ​အ​ရှေ့​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​နှင့်​အ​နောက်​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​တို့​သည်​မြို့​သူ​မြို့​သား​တို့​ထွန်​ယက်​စိုက်​ပျိုး​ရန်​အ​တွက်​ဖြစ်​ရ​မည်။-

19. ထို​မြို့​တွင်​နေ​ထိုင်​သော​အ​ဘယ်​အ​နွယ်​ဝင်​များ​ပင်​ဖြစ်​စေ​ကာ​မူ​ထို​မြေ​ယာ​တွင်​ထွန်​ယက်​စိုက်​ပျိုး​နိုင်​ကြ​၏။-

20. သို့​ဖြစ်​၍​သီး​သန့်​ထား​ရ​မည့်​အ​လယ်​နယ်​မြေ​တစ်​ခု​လုံး​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍ တစ်​ဘက်​စီ​တွင်​ရှစ်​မိုင်​ရှိ​လိမ့်​မည်။ ထို​နယ်​မြေ​အ​တွင်း​၌​မြို့​တည်​ရှိ​မည်။

21-22. ဗိ​မာန်​တော်၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​မြို့​အ​တွက်​သတ်​မှတ်​ထား​သော​မြေ​ယာ​၏​အ​ရှေ့​ဘက်​နှင့်​အ​နောက်​ဘက်​တို့​တွင် ကျန်​ရှိ​နေ​သော​မြေ​ယာ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​က​ပိုင်​ဆိုင်​သည်။ ထို​မြေ​ယာ​သည်​အ​ရှေ့​ဘက်​တွင်​အ​ရှေ့​နယ်​နိ​မိတ်​သို့​လည်း​ကောင်း၊ အ​နောက်​ဘက်​တွင်​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက်​၍၊ ဤ​မြေ​ယာ​မြောက်​ဘက်​၌​ရှိ​သော​ယု​ဒ​၏​နယ်​မြေ​နှင့်​တောင်​ဘက်​၌​ရှိ​သော​ဗင်္ယာ​မိန်​၏​နယ်​မြေ​စပ်​ကြား​တွင်​ရှိ​သ​တည်း။

23-27. ဤ​အ​ထူး​နယ်​မြေ​၏​တောင်​ဘက်​၌​အ​ခြား​အ​နွယ်​တို့​သည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ မြေ​ယာ​တစ်​ခု​စီ​ကို​မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​ရ​ကြ​မည်။ဗင်္ယာ​မိန်ရှိ​မောင်ဣသ​ခါဇာ​ဗု​လုန်ဂဒ်

28. ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။

29. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့်​ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော​နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

30-34. ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။

35. မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ယေ​ဇ​ကျေ​လ 48