3. ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။-
4. ဥပုသ်နေ့၌မင်းသားသည်ထာဝရဘုရား ၏ထံတော်သို့မီးရှို့ရန်ယဇ်များအဖြစ် ဖြင့် အပြစ်အနာအဆာကင်းသောသိုး ငယ်ခြောက်ကောင်နှင့်သိုးထီးတစ်ကောင် ကိုယူဆောင်ခဲ့ရမည်။-
5. သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။-
8. မင်းသားသည်မိမိဝင်လမ်းအတိုင်းမုခ် ပေါက်မှထွက်ရမည်။
9. ``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
10. မင်းသားသည်လူများဝင်သည့်အခါဝင် ၍သူတို့ထွက်သည့်အခါထွက်ရမည်။-
11. ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
12. ``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
13. ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။-
14. မုန့်ညက်ငါးပေါင်ကိုလည်းနံနက်တိုင်း ပူဇော်ဆက်သရမည်။ ယင်းနှင့်ရောစပ်ရန် သံလွင်ဆီငါးဆယ်သားကိုလည်းပူဇော် ရမည်။ ထာဝရဘုရားအားဆက်ကပ်သည့် ဤပူဇော်သကာနှင့်ဆိုင်သောဥပဒေ များသည်ထာဝစဉ်အာဏာတည်စေရ မည်။-
15. နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
16. အရှင်ထာဝရဘုရားက``အကယ်၍နန်း စံနေဆဲမင်းသားသည်မိမိ၏သားတစ် ယောက်အားမိမိပိုင်မြေယာတစ်ကွက်ကို ပေးအပ်လျှင်ထိုမြေယာကိုထိုသား အမြဲပိုင်စေ၊-