ယေ​ဇ​ကျေ​လ 46:21-22-24 Common Language Bible (BCL)

3. ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။-

4. ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

5. သူ​သည်​သိုး​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မုန့်​ညက် တင်း​ဝက်၊ သိုး​ငယ်​တစ်​ကောင်​စီ​နှင့်​အ​တူ မိ​မိ​ပေး​လှူ​လို​သ​မျှ​ကို​ယူ​ဆောင်​ခဲ့​ရ မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ ငါး​ဆယ်​သား​ကျ​ယူ​ဆောင်​ခဲ့​ရ​မည်။-

8. မင်း​သား​သည်​မိ​မိ​ဝင်​လမ်း​အ​တိုင်း​မုခ် ပေါက်​မှ​ထွက်​ရ​မည်။

9. ``မည်​သည့်​ပွဲ​နေ့​၌​မ​ဆို​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လူ​တို့​လာ​ရောက် ကြ​ရာ​တွင်​မြောက်​တံ​ခါး​မှ​ဝင်​သူ​တို့​သည် ကိုး​ကွယ်​ဝတ်​ပြု​ပြီး​လျှင်​တောင်​တံ​ခါး​မှ ထွက်​ရ​ကြ​မည်။ တောင်​တံ​ခါး​မှ​ဝင်​ကြ​လျှင် မြောက်​တံ​ခါး​မှ​ထွက်​ရ​ကြ​မည်။ အ​ဘယ် သူ​မျှ​မိ​မိ​လာ​လမ်း​အ​တိုင်း​မ​ပြန်​ရ​ကြ။ လူ​တိုင်း​ပင်​မိ​မိ​တို့​ဝင်​ရာ​တံ​ခါး​ဖြင့်​မ ပြန်​ဘဲ​တည့်​တည့်​သွား​၍​ထွက်​ရ​ကြ​မည်။-

21-22. ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊-

23. ကျောက်​နံ​ရံ​ဖြင့်​ကာ​ထား​လေ​သည်။ ထို နံ​ရံ​ကို​မှီ​၍​မီး​ဖို​များ​ကို​ဆောက်​လုပ် ထား​၏။-

24. ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။

ယေ​ဇ​ကျေ​လ 46