ယေ​ဇ​ကျေ​လ 46:11-24 Common Language Bible (BCL)

11. ပွဲ​နေ့​များ​၌​ပြု​မြဲ​ပွဲ​တော်​များ​မှာ​ပူ​ဇော် သည့်​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် လျှင်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ် ဝက်၊ သိုး​ငယ်​တစ်​ကောင်​နှင့်​အ​တူ​ကိုး​ကွယ် ဝတ်​ပြု​သူ​ပေး​လှူ​လို​သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ်​ဝက် လျှင် သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို လည်း​ပူ​ဇော်​ရ​မည်။

12. ``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

13. ထာ​ဝ​ရ​ဘု​ရား​က``နံ​နက်​တိုင်း​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး ငယ်​တစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​ကို​နေ့​စဉ် နေ့​တိုင်း​ပြု​လုပ်​ရ​မည်။-

14. မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။-

15. နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။

16. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​နန်း စံ​နေ​ဆဲ​မင်း​သား​သည်​မိ​မိ​၏​သား​တစ် ယောက်​အား​မိ​မိ​ပိုင်​မြေ​ယာ​တစ်​ကွက်​ကို ပေး​အပ်​လျှင်​ထို​မြေ​ယာ​ကို​ထို​သား အ​မြဲ​ပိုင်​စေ၊-

17. သို့​သော်​မင်း​သား​သည်​မိ​မိ​၏​မြေ​ကွက် တစ်​ကွက်​ကို​ကျေး​ကျွန်​တစ်​ယောက်​ယောက် အား​ပေး​ပါ​မူ ထို​ကျေး​ကျွန်​လွတ်​လပ်​ခွင့် ရ​ချိန်​ရောက်​သော​အ​ခါ ယင်း​မြေ​ကွက် သည်​မင်း​သား​၏​လက်​သို့​ပြန်​လည်​ရောက် ရှိ​စေ။ ထို​မြေ​သည်​မင်း​သား​၏​မြေ​ဖြစ် သ​ဖြင့်​သူ​နှင့်​သူ​၏​သား​များ​က သာ​လျှင်​အ​စဉ်​အ​မြဲ​ပိုင်​နိုင်​၏။-

18. ငါ​၏​လူ​မျိုး​တော်​ဝင်​တို့​ပိုင်​မြေ​ယာ​များ ကို​သိမ်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​အား​မ နှင်​ထုတ်​နိုင်​စေ​ရန်​မင်း​သား​သည်​မိ​မိ​၏ သား​တို့​အား​မိ​မိ​ပိုင်​မြေ​ယာ​မှ​သာ​ပေး ရ​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​ပိုင် မြေ​မှ​မ​ခွဲ​ခွာ​စေ​ရ'' ဟု​မိန့်​တော်​မူ​၏။

19. ထို​နောက်​ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း ၏​တောင်​ဘက်​တံ​ခါး​အ​နီး​၌​ရှိ​သော​အ​ခန်း များ​၏​အ​ဝင်​ဝ​သို့​ငါ့​အား​ခေါ်​ဆောင်​သွား ၏။ ဤ​အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ခန်း​များ​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ် တို့​အ​ဖို့​သီး​သန့်​ထား​လေ​သည်။ ထို​သူ က​ငါ့​အား​အ​ခန်း​များ​၏​အ​နောက်​သို့ ညွှန်​ပြ​လျက်၊-

20. ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။

21-22. ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊-

23. ကျောက်​နံ​ရံ​ဖြင့်​ကာ​ထား​လေ​သည်။ ထို နံ​ရံ​ကို​မှီ​၍​မီး​ဖို​များ​ကို​ဆောက်​လုပ် ထား​၏။-

24. ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။

ယေ​ဇ​ကျေ​လ 46