1. အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
2. နန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။-
3. ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။-
4. ဥပုသ်နေ့၌မင်းသားသည်ထာဝရဘုရား ၏ထံတော်သို့မီးရှို့ရန်ယဇ်များအဖြစ် ဖြင့် အပြစ်အနာအဆာကင်းသောသိုး ငယ်ခြောက်ကောင်နှင့်သိုးထီးတစ်ကောင် ကိုယူဆောင်ခဲ့ရမည်။-
5. သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။-
8. မင်းသားသည်မိမိဝင်လမ်းအတိုင်းမုခ် ပေါက်မှထွက်ရမည်။
9. ``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
10. မင်းသားသည်လူများဝင်သည့်အခါဝင် ၍သူတို့ထွက်သည့်အခါထွက်ရမည်။-
11. ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
12. ``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
13. ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။-