ယေ​ဇ​ကျေ​လ 45:5-8 Common Language Bible (BCL)

5. ကျန်​မြေ​ကွက်​တစ်​ဝက်​တွင်​ဗိ​မာန်​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​တွက်​မြို့​များ​တည်​ဆောက်​ရန်​ဖြစ် ရ​မည်။

6. မြို့​တစ်​မြို့​တည်​ရန်​အ​တွက်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ရှစ်​မိုင်​ရှိ​သော​မြေ​ယာ​ကို​လည်း​ဖယ် ထား​ရ​မည်။ ထို​မြေ​ယာ​သည်​သန့်​ရှင်း​မြင့် မြတ်​သည့်​နယ်​မြေ​နှင့်​ကပ်​လျက်​နေ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရန် အ​တွက်​ဖြစ်​ရ​မည်။

7. နန်း​စံ​နေ​ဆဲ​မင်း​သား​အ​တွက်​မြေ​ယာ​တစ် ကွက်​ကို​လည်း​ဖယ်​ထား​ရ​မည်။ ယင်း​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​အ​နောက်​ဘက် နယ်​နိ​မိတ်​မှ​အ​နောက်​ဘက်​သို့​လား​သော်​မြေ ထဲ​ပင်​လယ်​အ​ထိ၊ အ​ရှေ့​ဘက်​သို့​လား​သော် တိုင်း​ပြည်​၏​အ​ရှေ့​နယ်​နိ​မိတ်​အ​ထိ​ဖြစ်​ရ မည်။ ယင်း​၏​အ​လျား​သည်​ဣ​သ​ရေ​လ​အ​မျိုး နွယ်​တစ်​နွယ်​အ​တွက်​သတ်​မှတ်​ထား​သည့်​နယ် မြေ​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။-

8. ဤ​နယ်​မြေ​သည်​နန်း​စံ​နေ​ဆဲ​ဖြစ်​သော​မင်း သား​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။ သို့​မှ​သာ​လျှင် သူ​သည်​ပြည်​သူ​တို့​အား​နှိပ်​စက်​က​လူ​မ​ပြု တော့​ဘဲ​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​တို့ အား​ကြွင်း​ကျန်​သည့်​မြေ​ယာ​များ​ကို​ပိုင် ဆိုင်​ခွင့်​ပေး​လိမ့်​မည်။

ယေ​ဇ​ကျေ​လ 45