17. လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
18. အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-
19. ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် ကောင်၏သွေးအနည်းငယ်ကိုယူ၍ ဗိမာန် တော်တံခါးတိုင်များ၊ ယဇ်ပလ္လင်၏ထောင့် လေးထောင့်နှင့် တံတိုင်းအတွင်းရှိဝင်းသို့ ဝင်ရာတံခါးတိုင်များကိုသုတ်ရမည်။-
20. မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။
21. ပထမလ၊ လဆန်းတစ်ဆယ့်လေးရက်နေ့ ၌ပသခါပွဲတော်ကိုစတင်ကျင်းပရမည်။ လူတိုင်းပင်တဆေးမဲ့မုန့်ကိုခုနစ်ရက်တိုင် တိုင်စားရကြမည်။-