ယေ​ဇ​ကျေ​လ 45:10-16 Common Language Bible (BCL)

10. ``လူ​တိုင်း​ပင်​အ​လေး​မှန်​တင်း​မှန်​ကို​အ​သုံး ပြု​ရ​ကြ​မည်။

11. ``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။တစ်​ဟော​မဲ​တွင်​တစ်​ဆယ်​ဧ​ဖာ​သို့​မ​ဟုတ် တစ်​ဆယ်​ဗက်​ရှိ​သ​တည်း။

12. ``သင်​တို့​၏​အ​လေး​များ​သည်​အောက်​ပါ အ​တိုင်း​ဖြစ်​ရ​မည်။နှစ်​ဆယ်​ဂေ​ရာ​သည်​တစ်​ကျပ်၊ခြောက်​ဆယ်​ကျပ် သည်​တစ်​မာ​နေ​ဖြစ်​၏။

13-15. ``သင်​တို့​သည်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​ရာ တွင်​အောက်​ပါ​အ​ခြေ​ခံ​မူ​ကို​အ​သုံး​ပြု​ရ ကြ​မည်။ ဂျုံ​ဆန်​သို့​မ​ဟုတ်​မု​ယော​ဆန်​ကို ပေး​လှူ​သော​အ​ခါ​သင်​တို့​ရိတ်​သိမ်း​၍​ရ ရှိ​သည့်ဂျုံ​ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊မု​ယော ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊သံ​လွင် ဆီ​ကို​သင်​တို့​၏​သံ​လွင်​ပင်​များ​မှ​ထွက်​ရှိ သ​မျှ​၏​တစ်​ရာ​ပုံ​တစ်​ပုံ​ကို​ပေး​လှူ​ရ​မည်။(ယင်း​ကို​ဗတ်​ဖြင့်​ချိန်​တွယ်​ရ​မည်။ ဆယ်​ဗတ် လျှင်​တစ်​ဟောမဲ၊ သို့​မ​ဟုတ်​တစ်​ကော​ရ​ရှိ​၏။)ဣ​သ​ရေ​လ​ပြည်၊ ရေ​များ​သော​စား​ကျက် များ​မှ သိုး​အ​ကောင်​နှစ်​ရာ​လျှင်​တစ်​ကောင် ကျ​ပူ​ဇော်​ရ​မည်။``သင်​တို့​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ကြ​စေ ရန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ​မီး​ရှို့​ရာ​ယဇ် နှင့်​မိတ်​သ​ဟာ​ယ​အ​တွက်​တိ​ရစ္ဆာန်​များ​ကို ယူ​ဆောင်​လာ​ရ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​၏။

16. ``ပြည်​သူ​အ​ပေါင်း​တို့​သည်​ဤ​ပူ​ဇော်​သကာ များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​မည်။-

ယေ​ဇ​ကျေ​လ 45