7. ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
8. သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
9. ``အရေဖျားလှီးမင်္ဂလာမခံသူလူမျိုး ခြားများ၊ ငါ၏စကားကိုမနာခံသူများ၊ ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်သူလူမျိုးခြားများပင်ဖြစ်စေကာမူ ငါ၏ဗိမာန်တော်သို့ဝင်ရကြမည်မဟုတ် ကြောင်းငါအရှင်ထာဝရဘုရားမိန့်ဆို ၏'' ဟုမိန့်တော်မူ၏။
10. ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-
11. သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
12. သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-