20. ``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
21. ယဇ်ပုရောဟိတ်တို့သည်တံတိုင်းအတွင်း ရှိဝင်းသို့မဝင်မီစပျစ်ရည်ကိုမသောက် ရကြ။-
22. အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။
23. ``ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းမြင့်မြတ် သောအရာနှင့်မသန့်ရှင်းမမြင့်မြတ်သော အရာတို့ကွာခြားပုံ၊ ဘာသာရေးအရသန့် စင်သောအရာနှင့်မသန့်စင်သောအရာကွာ ခြားပုံကိုလူတို့အားသင်ကြားပေးရမည်။-
24. အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။
25. ``ယဇ်ပုရောဟိတ်သည်လူသေအလောင်း ကိုတို့ထိခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာ ရေးအရညစ်ညမ်းအောင်မပြုရ။ သို့ရာတွင် သူသည်မိမိ၏မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မရှိသောနှမ၊ အစ်မတို့၏အလောင်း ကိုမူတို့ထိနိုင်လေသည်။-
26. ယင်းသို့မိမိကိုယ်ကိုညစ်ညမ်းစေပြီးနောက် သူသည်ခုနစ်ရက်မျှဆိုင်းငံ့လျက်နေရ မည်။-
27. ထိုနောက်ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်း သို့ဝင်၍မိမိ၏သန့်စင်မှုအတွက်ယဇ်ကို ပူဇော်ရမည်။ သို့မှသာလျှင်သူသည်ဗိမာန် တော်တွင်ပြန်၍အမှုတော်ထမ်းဆောင်နိုင် မည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
28. ``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
29. ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက်ဖြေရာယဇ် တို့ကိုစားသုံးကြရမည်။ ထိုမှတစ်ပါးလည်း သူတို့သည်ဣသရေလပြည်တွင် ငါ၏အတွက် သီးသန့်ထားသမျှသောအရာမှန်သမျှကို ရရှိကြလိမ့်မည်။-
30. ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
31. ယဇ်ပုရောဟိတ်တို့သည်အလိုအလျောက် ဖြစ်စေ၊ သားရဲကိုက်၍သေသောငှက်သို့မ ဟုတ်တိရစ္ဆာန်၏အသားကိုဖြစ်စေမစား ရကြ'' ဟုမိန့်တော်မူ၏။