15. အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
16. သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
17. သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။-
18. ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
19. လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
20. ``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
21. ယဇ်ပုရောဟိတ်တို့သည်တံတိုင်းအတွင်း ရှိဝင်းသို့မဝင်မီစပျစ်ရည်ကိုမသောက် ရကြ။-
22. အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။
23. ``ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းမြင့်မြတ် သောအရာနှင့်မသန့်ရှင်းမမြင့်မြတ်သော အရာတို့ကွာခြားပုံ၊ ဘာသာရေးအရသန့် စင်သောအရာနှင့်မသန့်စင်သောအရာကွာ ခြားပုံကိုလူတို့အားသင်ကြားပေးရမည်။-
24. အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။
25. ``ယဇ်ပုရောဟိတ်သည်လူသေအလောင်း ကိုတို့ထိခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာ ရေးအရညစ်ညမ်းအောင်မပြုရ။ သို့ရာတွင် သူသည်မိမိ၏မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မရှိသောနှမ၊ အစ်မတို့၏အလောင်း ကိုမူတို့ထိနိုင်လေသည်။-