1. ထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။-
2. ထာဝရဘုရားကငါ့အား``ဤတံခါးကို ပိတ်ထားရမည်။ အဘယ်အခါ၌မျှဖွင့်ရ မည်မဟုတ်။ လူသားမှန်သမျှဤတံခါးကို အသုံးပြုခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုတံခါးဖြင့်ဝင်တော် မူခဲ့သောကြောင့်တည်း။-
3. သို့ရာတွင်ယခုနန်းစံလျက်ရှိသည့်မင်းသား သည်ကား ထိုအရပ်သို့သွား၍ငါ၏ရှေ့တော် တွင်သန့်ရှင်းမြင့်မြတ်သည့်စားဖွယ်ခဲဖွယ်ကို စားသောက်နိုင်ခွင့်ရှိ၏။ သူသည်အစွန်ဆုံးရှိ အခန်းကြီးကိုဖြတ်၍ဤတံခါးဖြင့်ဝင် ထွက်သွားလာရန်ဖြစ်၏'' ဟုမိန့်တော်မူ၏။
4. ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
5. ထာဝရဘုရားကလည်းငါ့အား``အချင်း လူသား၊ သင်မြင်ရကြားရသောအရာမှန် သမျှကိုဂရုပြုလော့။ ငါသည်ဗိမာန်တော် နှင့်ဆိုင်သောစည်းမျဉ်းဥပဒေများကိုသင့် အားပြောမည်။ အဘယ်သူတို့သည်ဗိမာန် တော်သို့ဝင်ထွက်ခွင့်ရှိသည်ကိုသေချာ စွာမှတ်သားလော့။''
6. ``ပုန်ကန်တတ်သောဣသရေလအမျိုးသား တို့အား မိမိတို့ပြုကျင့်လျက်ရှိသည့်စက် ဆုပ်ရွံရှာဖွယ်အမှုတို့ကိုငါအရှင်ထာဝရ ဘုရားသည်ဆက်လက်သည်းခံလျက်နေတော့ မည်မဟုတ်ကြောင်းဆင့်ဆိုလော့။-
7. ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
8. သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
9. ``အရေဖျားလှီးမင်္ဂလာမခံသူလူမျိုး ခြားများ၊ ငါ၏စကားကိုမနာခံသူများ၊ ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်သူလူမျိုးခြားများပင်ဖြစ်စေကာမူ ငါ၏ဗိမာန်တော်သို့ဝင်ရကြမည်မဟုတ် ကြောင်းငါအရှင်ထာဝရဘုရားမိန့်ဆို ၏'' ဟုမိန့်တော်မူ၏။
10. ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-
11. သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
12. သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
13. သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။-